ကျွန်တော်တို့တပ်က ကိုယ်ပိုင်နယ်မြေရှာဖို့ မဟုတ်ပါဘူး – BBC News မြန်မာ

“ကျွန်တော်တို့ချင်းက ပါးစပ်ကနေသာအသိအမှတ်ပြုပါတယ်ပြောနေတာ။ တကယ်လေးစားကြောင်းကိုပြဖို့ လက်ခံတွေ့ဆုံတာတွေညှိနှိုင်းတာတွေ လုပ်ဖို့လိုတယ်……….။ ပြည်သူတွေက ကျွန်တော်တို့သံတမန်ပါပဲ။ ပြည်သူတွေလည်းဝိုင်းပြီး ကြိုးစားပေးကြပါ။”

ဗိုလ်နဂါး (ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်)

စစ်ကိုင်းတိုင်း ပုလဲဒေသအတွင်း စစ်ကောင်စီတပ်ကိုလက်နက်ကိုင်ခုခံတော်လှန်နေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်ကို ဦးဆောင်တည်ထောင်ခဲ့တဲ့ ဗိုလ်နဂါးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာတော့ ဗမာ့အမျိုးသားတော်လှန်ရေး တပ် ကိုတည်ထောင်လိုက်ပါတယ်။ ဗိုလ်နဂါးတည်ထောင်လိုက်တဲ့ BNRA တပ်ရဲ့စုစည်းနိုင်မှုအင်အားနဲ့ လက်နက်ခဲယမ်းရရှိမှု၊ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ကာကွယ်ရေးဝန်ကြီးဌာန NUG/MOD နဲ့ BNRA ကြားက ဆက်ဆံရေး၊ BNRA ရဲ့ ရေရှည်မျှော်မှန်းချက် စတာတွေကို ဗိုလ်နဂါးနဲ့ ဘီဘီစီတို့ သီးသန့်ဆက်သွယ်မေးမြန်းချက်မှာ ကြည့်ရှုနားဆင်နိုင်ပါပြီ။

#ဘီဘီစီမြန်မာပိုင်း #ဗိုလ်နဂါး #BNRA #NUG #မြန်မာ

The Pulse of Washington D.C.

© 21st Century RTVX News